Quantcast
Channel: တွေးမိတွေးရာ...ရေးမိရေးရာ
Viewing all articles
Browse latest Browse all 186

တွေးမိ​တွေးရာ ပုံပမာ

$
0
0

***
ဟိုး​ရှေး​ရှေးတုန်းက​ အင်​တာနက်​ ကမ္ဘာကြီးထဲက ဘ​လော့ရွာ​လေး တစ်​ရွာမှာ ​"တွေးမိ​တွေးရာ ​ရေးမိ​ရေးရာ"ဆိုတဲ့ ဘ​လော့အိမ်​က​လေး တစ်​အိမ်​ ရှိသတဲ့။ အဲဒီတုန်းက ဘ​လော့ရွာ တည်​ခါစ ဆို​တော့ ရွာထဲမှာ အိမ်​က​လေး​တွေ နည်းနည်းပဲ ရှိ​သေးတာ​ပေါ့။ ​တွေးမိ​တွေးရာ ဘ​လော့အိမ်​​လေးက​တော့ ​အနက်​​ရောင်​ ​ရေနံချေးသုတ်​ထားတဲ့ မြန်​မာဆန်​ဆန်​ အိမ်​က​လေးပါပဲ။
.
တွေးမိ​တွေးရာ ဘ​လော့​လေးဟာ တ​နေ့တ​နေ့ ဘ​လော့ အိမ်​နီးနားချင်း​တွေဆီ သွားလည်​လိုက်​ ကိုယ့်​ဆီလာလည်​တဲ့ သူ​တွေကို ဧည့်​ခံလိုက်​နဲ့ မအားရပါဘူး။ ကိုယ့်​ဆီ လာတဲ့သူ​တွေ ပျင်းမှာစိုးလို့ ​တွေးမိတာ​လေး​တွေ တတ်​သ​လောက်​ မှတ်​သ​လောက်​ ချ​ရေးပြီး ဧည့်​ဝတ်​ပြုရသတဲ့။ ဝတ္ထု၊ ကဗျာ၊ ​ဆောင်းပါး၊ ဟို​ရောက်​ ဒီ​ရောက်​ အ​တွေးများ ... စသဖြင့်​​ပေါ့။
.
အဲဒီလိုဧည့်​ခံရင်း တခါတ​လေ သူများ မကြိုက်​တာ​တွေနဲ့ ဧည့်​ခံမိတဲ့အခါ လူတကာ ငြိုငြင်​တာ​တွေလည်း တခါတ​လေ ခံရတယ်​။ ခပ်​​ပေ​ပေ ညစ်​တစ်​တစ်​ သူက​တော့ အဲဒါ​တွေကို ဂရုမစိုက်​ပါဘူး​၊ ဧည့်​သည်​ ကြိုက်​ကြိုက်​ မကြိုက်​ကြိုက်​ သူ​လုပ်​ချင်​တာ​တွေသာ ​လျှောက်​​လုပ်​နေ​တော့ တာပဲတဲ့။ ဒီ့ထက်​ဆိုးတာက​တော့ သူများအိမ်​သွားလည်​ရင်​လည်း အငြိမ်​မ​နေဘဲ ဒီအိမ်​ ဆိုင်းဘုတ်​က​တော့ စာလုံး​ပေါင်း မှား​နေတယ်​ ... ဟိုအိမ်​မှာ ကပ်​ထားတဲ့ စာက​တော့ဖြင့်​ ဘယ်​လိုလွဲ​နေတယ်​ ... စသဖြင့်​လည်း ​အလိုက်​မသိ ဝေဖန်​တတ်​​သေးသတဲ့။
.
ဒါ​ပေမဲ့ အဲဒီတုန်းက စိတ်​တူ ကိုယ်​တူ ဝါသနာတူ​တွေ စု​ဝေး​နေတဲ့ ရွာမို့ အများက စည်းလုံး ညီညွတ်​ကြတယ်​။ တစ်​အိမ်​နဲ့ တစ်​အိမ်​ လည်​လိုက်​ကြ၊ tag game ​တွေ ကစားလိုက်​ကြ၊ တခုခု ဖြစ်​ရင်​ ​ဖေးမလိုက်​ ​နေ​နေကြတဲ့ ဘ​လော့ရွာ​လေးဟာ အမြဲ​တော့ မသာယာ ခဲ့ပါဘူး။ တခါတ​လေ ရွာကို သူပုန်​ဝင်​တဲ့ အခါမျိုးဆိုရင်​ အားလုံး ဝိုင်းပြီး ​ဆော်​ကြ​ရသေးတာ​ပေါ့​။
.
တ​နေ့မှာတော့ ဘ​လော့ရွာထဲက တွေးမိ​တွေးရာ အိမ်​အနက်​က​လေး ​သော့ခတ်ပြီး ​ဆေးအဖြူသုတ်လိုက်​ရတယ်​။ သူ့အိမ်​ကို ဘယ်​သူမှ လာလည်​လို့ မရ​တော့သလို သူကိုယ်​တိုင်​လည်း ​နေထိုင်​ခွင့်​ မရှိ​တော့ဘူးတဲ့။ အဲဒီအချိန်​ဟာ ရွာထဲကို သူပုန်​​တွေ ဝင်​တဲ့ အချိန်​လို့ ​ပြောရမလားပဲ။ ရွာကို တိုက်​ခိုက်​ခံရတယ်​၊ ရွာက အိမ်​တချို့ ပျက်​စီးသလို အိမ်​​အသစ်​တွေလည်း ပိုပြီး တိုးပွားလာကြတယ်​။
.
ရွာငယ်​က​လေးက​နေ တဖြည်းဖြည်း ရွာကြီးဖြစ်​လာ​ပြီး သတိထား ​စောင့်​ကြည့်​ခြင်း ခံလာရတဲ့အထိ ဖြစ်​လာခဲ့တယ်​။ ရွာသူရွာသား​တွေရဲ့ စည်းလုံးတဲ့ မျိုးချစ်​စိတ်​က​တော့ ခိုင်​မြဲ​နေဆဲပါပဲ။ ဒါ​ပေမဲ့ ဘယ်​​နေရာမဆို စုန်းပြူး ရှိတဲ့အတိုင်း တချို့တ​လေ စုန်းပြူးအိမ်​​တွေလည်း ရှိတာ​ပေါ့။ ဘယ်​လိုပဲဖြစ်​ဖြစ်​ ရွာက​လေးဟာ စည်​ကား​နေဆဲ။
.
ဒီလိုနဲ့ အချိန်​အ​တော်​ကြာ ​သော့ခတ်​ခံထားရတဲ့ ​တွေးမိ​တွေးရာ အိမ်​က​လေးဟာ တ​နေ့မှာ​တော့ တံခါး​လေး ပြန်​ပွင့်​လာပါ​တော့တယ်​။ အဲဒီ​နောက်​မှာ​တော့ ​ရေနံ​ချေးသုတ်​ အနက်​ရောင်​ အိမ်​က​လေးက​နေ အပြာ​ရောင်​ အိမ်​က​လေးအဖြစ်​ ​ပြောင်းလဲသွားတယ်​။ အိမ်​က​လေး အ​ရောင်​​ပြောင်းသွား​ပေမဲ့ ခံယူချက်​နဲ့ စိတ်​ဓာတ်​က​တော့ သူ့အိမ်​ဆိုင်းဘုတ်​မှာ ​ရေးထားတဲ့ "အမှန်​တရားဆီ ရဲရဲချီ"ဆိုတဲ့အတိုင်း မ​ပြောင်းလဲခဲ့ပါဘူး။
.
အိမ်​က​လေး ပြန်​ပွင့်​လာ​တော့ ရွာသူရွာသား​တွေက ​နွေး​ထွေးစွာ ကြိုဆိုကြပါတယ်​။ အဲဒီ​နောက်​ အိမ်​​လေးကို ပြင်​ဆင်​မွမ်းမံ အလှဆင်​ပြီး ​တွေးမိတိုင်း ​ရေး​နေ​တော့တာပဲ။ ဒါ​ပေမဲ့ အိမ်​သစ်​​တွေ များလာ​တော့ အရင်​လို အိမ်​​ပေါက်​​စေ့ ​လျှောက်​မလည်​နိုင်​၊ ​ရေးချင်​တိုင်းလည်း မ​ရေးနိုင်​​တော့ဘူး။
.
တဖြည်းဖြည်း နှစ်​​တွေကြာလာ​တော့ တချို့အိမ်​​တွေဟာ ရွာက​လေးကို စွန့်​ခွာသွားကြတယ်​။ ​သော့ခတ်​ထားတဲ့ အိမ်​၊ ဖြိုဖျက်​လိုက်​တဲ့ အိမ်​၊ တံခါးဖွင့်​ထား​ပေမဲ့ လူမရှိ​တော့တဲ့အိမ်​ ... အဲဒီလို အိမ်​​တွေ များလာတဲ့အခါ ရွာက​လေးဟာ တစတစ ​ခြောက်​ကပ်​ လာပါ​တော့တယ်​။ ကျန်​ခဲ့တဲ့ အိမ်​ တခုတ​လေကလည်း မှန်​မှန်​ ​ဆေးမသုတ်​ မပြုပြင်​ဆို​တော့ လာလည်​မယ့်​သူ​တောင်​ မရှိသ​လောက်​ ဖြစ်​ရတယ်​။
.
ဒီလိုနဲ့ပဲ ဘ​လော့ရွာ​လေးဟာ ပျက်​စီးသွားရ​တော့မှာလား။ ​ခြောက်​ကပ်​ ​အေးစက်​စွာ တစပြင်​လို ငြိမ်​သက်​​နေရ​တော့မှာလား။ ​တွေးမိ​တွေးရာ အိမ်​က​လေးက​တော့ ဧည့်​လာလာ မလာလာ သူ့အိမ်​က​လေးကို အသက်​သွင်းရင်း ရွာက​လေး ပြန်​စည်​ကားမယ့်​အချိန်​ကို တိတ်​တိတ်​က​လေး ​မျှော်​လင့်​​နေပါ​တော့သတဲ့။
***
ပုံပြင်​​လေးက​တော့ ဒါပါပဲ
မေဓာဝီ
310818
22.30
Blogday နဲ့ ​မေဓာဝီ ဘ​လော့ ၁၂ နှစ်​ပြည့်​ အမှတ်​တရ

Viewing all articles
Browse latest Browse all 186

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


ချစ်စရာ့ မြန်မာ့ဓလေ့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အီကြာအော် - ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာ သမဒဂျီးလဲပွဲ