သူမဟာ မြန်မာပြည် ဖြစ်တယ် ...
မြန်မာဆန်စွာ လုံချည်ကိုသာ ၀တ်ဆင်ပါသော … ယဉ်ကျေးလှစွာ ခြုံပုဝါလွှမ်း ဆင်မြန်းတတ်သော ဆံကေသာထက် ပန်းခက်မာလာ ဆင်သ’ပါသော … သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။ တခါတွေ့က တသက်မေ့စရာ မစွမ်းသာသော …...
View Articleမျှော်လင့်ခြင်း ခဏတာ ...
"မျှော်လင့်ခြင်း ခဏတာ" ပြန့်ကျဲနေတဲ့ အိပ်မက်တွေကို ကောက်ရင်းစီးဆင်းတဲ့ မြစ်ပြင်မှာ မျှောလိုက်တယ် ... ။ မရေရာတဲ့ မနက်ဖြန်အတွက် ...မျှော်လင့်ချက်ဆိုတာဒီလှိုင်းအတက် ခဏလက်တဲ့ တာရာကြယ် ... ။ ***"A moment of...
View Articleကျမနဲ့ မြန်မာပြည်ခရီး (အပိုင်း - ၁)
ကျမ ဒီကိုပြန်ရောက်ခါစ တရက် ကျောင်းကအပြန်လမ်းမှာ ဖုန်းဝင်လာပါတယ်။ ကျမ မောင်လေးရဲ့ ငယ်သူငယ်ချင်း ဆီကပါ။ သူက လန်ဒန်မှာနေတယ်၊ ဒီကိုရောက်နေတာ ၁၀ နှစ်လောက် ရှိပါပြီ။ သူက ကျမပြန်ရောက်နေတာသိလို့ ကျမအမကြီးရဲ့...
View Articleဘ၀ - အမှား
*ဘ၀က - ခါး ... တယ်။အချိုမရှာလို့ သကာမတွေ့ခဲ့တာ ဘာကို အပြစ်တင်ရမှာလဲ ... ။ *ဘ၀က - မှား ... တယ်။သွေဖယ်တဲ့လမ်း အမြဲလှမ်းခဲ့တဲ့ ငါ -ဘာကို နာကျင်ရအုံးမှာလဲ ... ။*ဘ၀က - ရှား ... တယ်။ခေါင်းပါးလာတဲ့...
View Articleမိုးမခပင်အနား မြှုပ်လို့ထားခဲ့ပါ ...
.... .... .... "weeping like a willow" ... တဲ့ ... ။ ပြီးခဲ့တဲ့ လကပေါ့။တရက် ... ဦးရီးတော်ရယ်၊ ကျမရယ်၊ ခဏလာလည်တဲ့ မောင်ဝမ်းကွဲရယ် အတူ ကားလေးနဲ့ လျှောက်သွားကြရင်း လမ်းတလျှောက် တွေ့ရတဲ့ သစ်ပင်...
View Articleပြောပါရစေ …
*** ကျမနဲ့ မြန်မာပြည်ခရီး (အပိုင်း - ၁)ရေးပြီး အပိုင်း ၂ ကို မဆက်ခင် ပြောချင်တာလေးတွေရှိလို့ ဒီစာကို ချက်ချင်း ရေးခဲ့ပေမယ့် မအားတာနဲ့ အဆုံးမသတ်နိုင်ခဲ့ဘူး။ အခုမှ ပြန်ဖတ် ပြန်ပြင် ပြန်ဖြည့်ပြီး...
View Articleမှိုတက်သွားသော ပန်းသီးချဉ်များအကြောင်း
(၁) အချစ်ပျောက်ရှာပုံတော် တနေ့သ၌ မေဓာဝီတယောက် ဦးရီးတော်၏ စီးတော်ယာဉ်သိုလှောင်ရာ ရုံထဲတွင် တစုံတရာကို အားကြိုးမာန်တက် ရှာဖွေနေသတတ်။ နံရံကပ်စင်မြင့်မှအစ၊ ဘီရိုပုလေးများ အလယ်၊ တိုလီမုတ်စ ထည့်သည့်...
View ArticleEnglish for Buddhism သင်တန်း ...
ဒီနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်အတွင်း ကျောင်းသား လူငယ်တွေအတွက် English for Buddhism သင်တန်းလေးကို MAY International School မှာ အောက်တိုဘာ ၂၇ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့ထိ ၉ ရက်တိတိ ဖွင့်ဖြစ်ခဲ့ပါတယ်။...
View Articleရင်ငွေ့ခြုံလွှမ်း အနမ်းတရှိုက် …
အနမ်းတွေဟာ စိတ်ဖိစီးမှုကို ပြေလျော့စေသလို ပွေ့ဖက်ခြင်းဟာ သောကတွေကို ဖြေသိမ့်စေသတဲ့ … ။ ဟုတ်ပါ့မလား … ကျမမှာ သံသယတပိုင်းတစနဲ့ … ။ ***အနမ်းပွင့်လေးတွေဟာ ကျမတို့မိသားစုအတွက်တော့ မထူးဆန်းခဲ့ပါဘူး။ ကျမတို့...
View Articleအချိုနဲ့ အခါး ...
*** ကျိန်းစပ်နေသော မျက်စိကို ဖြည်းဖြည်းချင်း ဖွင့်လိုက်စဉ် နေရောင် ပြောက်တိပြောက်ကျားက မျက်နှာ လာသစ်ပေးနေသလို မျက်နှာပေါ်တိုက်ရိုက် ကျနေသည်ကို သတိထားလိုက်မိ၏။ နေရောင်မလုံသော ထန်းလက် တဲခေါင်မိုးက...
View Articleမတူညီသော ရလဒ်များ …
*** ကျောင်း ၁၀ - ရက် ပိတ်ပြီ။ ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်က စပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ကျောင်း ၁၀ - ရက် ပိတ်လိုက်ပါပြီ။ အစတုန်းကတော့ ဒီဇင်ဘာ ကျောင်းပိတ်ရက် ၁၀ ရက်အတွင်း သင်တန်းတခုခု ဖွင့်ဦးမလို့ပဲ။ မနှစ်က...
View Articleနှစ်ဦး ဆုတောင်း ...
အကောင်းတွေသာ လာပါစေကြောင်းဆုမတောင်းချင် ...အဆိုးတွေသာခွါပါစေရေးမကြံတွေးချင် ... ကောင်းဆိုးနှစ်တန်လောကဓံကိုခံနိုင်စေရန်ဆန္ဒသန်သည်အမှန်မြင်သူ ဖြစ်ရစေ ... ။ ... ။***မေဓာဝီ၁၊ ၁၊ ၂၀၁၃မြန်မာစံတော်ချိန် ၆း၃၀...
View Articleကြေကွဲ ကျောက်ပျဉ်
သနပ်ခါးတုံးနဲ့ ကျောက်ပျဉ် ဘိလပ်ကနေ မြန်မာပြည်ကို ပြန်ရောက်တော့ … ကျမအတွက် အကျေနပ်ဆုံး တခုက ကျောက်ပျဉ်ပေါ်မှာ သနပ်ခါးတုံးလေးတင်၊ တဂျစ်ဂျစ်နဲ့ အားရပါးရ သွေးပြီး သနပ်ခါးလိမ်းရခြင်းပါပဲ။ ဟုတ်တယ် … ဘိလပ်မှာ...
View Articleခက်တယ် ...
*တခါတလေ ...ဆန္ဒတွေ ရုပ်သိမ်းချုပ်ထိမ်းဖို့ ခက်တယ် ... ။ တခါတလေ ... မာနတွေ နှိမ်ချိုးရိုကျိုးဖို့ ခက်တယ် ... ။ တခါတလေ ... အတ္တတွေ ဖယ်ရှားနားလည်ဖို့ ခက်တယ် ... ။ တခါတလေ ... တွယ်တာခြင်းတွေ ရပ်မေ့ပစ်ဖို့...
View Articleမျက်ဝန်းမှာမိုး ... ရင်မှာနွေ ...
***“အဲဒီညက ၀ိုင်အမ်စီအေမှာ ချက်စ်ထိုးပြီးအပြန် ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင် ထိုင်ကြတော့ ဦးလ၀န်းအောင်က သူ ခေါင်းစဉ်လေးတခု ရထားတယ် သီချင်းရေးရင် ကောင်းမလား ဆိုပြီး အဖေ့ကို ပြောတယ် … သူ့ခေါင်းစဉ်လေးက …...
View Articleဆုံတွေ့ကြတဲ့အခါ ...
ဒီကဗျာလေးကို ရေးခဲ့တုန်းက အိမ်ရဲ့အဝေးမှာ ရောက်နေချိန်ပေါ့ ... ။ မိတ်ဆွေတယောက်ရဲ့ ဘလော့က ကဗျာတပုဒ်ကို အကြောင်းပြုလို့ ဒီကဗျာလေး ရေးဖြစ်ခဲ့တယ်။ အိမ်ပြန်ချင်သူ တယောက်ရဲ့ တမ်းချင်းပဲဆိုဆို ......
View Articleကျမနဲ့ နေ့များ ...
ကျမ ဘလော့ရေးခါစ … အမှတ်တရနေ့၊ သမိုင်းဝင်နေ့၊ ဘာသာရေး နေ့ထူးနေ့မြတ် … စတာတွေကို အထူးတလည် သတိထားပြီး ရေးဖြစ်ခဲ့တယ်။ အဲဒါကလဲ … ဒီလိုနေ့တွေကို ကိုယ်ကိုယ်တိုင် အမြဲ အမှတ်ရနေဖို့အပြင် …...
View Articleအရောင်မဲ့ ကမ္ဘာ
"The Colourless Earth" Let me fly by my strength, Even I have wingless. To continue my expedition, By myself sailing; For peace and tranquil. I remove my selfishness, And be folding the arrogance. I’m...
View Articleကျမရဲ့ နွေ ...
ကံ့ကော်တွေလဲ ပွင့်ပြီ ... ။ ဥသြငှက်တေးသံနဲ့ နွေမနက်ခင်းက ချိုမြပြီ ... ။ မတ်လရဲ့ နေရောင်ခြည်ကလဲ ခပ်ရဲရဲ တောက်ပပြီ ... ။ စာသင်ကျောင်းတွေရဲ့ တံခါးကြီးတွေလဲ ခဏ အနားယူကြပြီ ... ။ ကလေးတွေကတော့ လွယ်အိတ်တွေ...
View Articleဝေးရာ ...
*တခါတခါ ဝေးရာကို ပြေးခွါသွားချင်ပြီ ... ။လှောင်ရယ်ခြင်းများနဲ့ ဝေးရာ ... နှောင်တွယ်ခြင်းများရဲ့ ဝေးရာ ... ။ အားငယ်ခြင်းများနဲ့ ဝေးရာ ... နားမလည်ခြင်းများရဲ့ ဝေးရာ ... ။အရှုံးများနဲ့ ဝေးရာ ......
View Article